လ - ဇန်နဝါရီ 2023

သခင်၊ ကိုယ်တော်သည် မည်သူနည်း

(၁၆)နှစ်အရွယ်တွင် Luis Rodriguez (လူးဝစ်ရိုဒရီဂက်ဇ်)သည် မူးယစ်ဆေးရောင်းချမှုဖြင့် ထောင်ကျခဲ့သည်။ ယခုတစ်ဖန် လူသတ်ရန်ကြိုးပမ်းမှုဖြင့် ဖမ်းဆီးခံရပြီး အချုပ်ကျနေကာ တစ်သက်တစ်ကျွန်း ပြစ်ဒဏ်ကို ချမှတ်ခံရနိုင်သည်။ သို့သော် ဘုရားသခင်သည် အပြစ်ရှိသည်ဟု သူခံစားရသည့်အခြေအနေများ၌ စကားပြောခဲ့သည်။ သံတိုင်များနောက်တွင်၊ လူငယ်လူးဝစ်သည် ငယ်ရွယ်စဥ်က သူ့မိခင် သူ့ကို ဘုရားကျောင်းသို့ သစ္စာရှိရှိ ခေါ်ဆောင်သွားသည့်နှစ်များကို သတိရနေခဲ့သည်။ ယခု ဘုရားသခင်သည် သူ့နှလုံးသားကို ဆွဲငင်နေကြောင်း ခံစားရပြီး လူးဝစ်သည် နောက်ဆုံးတွင် သူ၏အပြစ်များကို နောင်တရလျက် သခင်ယေရှုထံ လာခဲ့သည်။

တမန်တော်ဝတ္ထုတွင်၊ ပေါလုဟုလည်းခေါ်သော ရှောလုအမည်ရှိသည့် စိတ်အားထက်သန်သော ဂျူးလူမျိုးတစ်ဦးကို တွေ့ရပါသည်။ သူသည် သခင်ယေရှုကို ယုံကြည်သူများအား ကိုယ်ထိလက်ရောက်ညှဥ်းဆဲပြီး သူ့စိတ်နှလုံး၌ သူတို့ကိုသတ်ချင်နေသည့် အပြစ်ရှိသူဖြစ်သည် (တ ၉:၁)။ သူသည် ဂိုဏ်းခေါင်းဆောင်ကဲ့သို့ဖြစ်ပြီး သတေဖန်ကို ကွပ်မျက်သည့်ဖြစ်စဥ်တွင် ဆူပူသောင်းကျန်းသောလူအုပ်တွင် သူအပါအဝင်ဖြစ်ကြောင်း သက်သေရှိသည်…

စွန့်စားရန်အတွက် ဖန်ဆင်းထားသည်

မကြာမီက ကျွန်ုပ်ရှာဖွေတွေ့ရှိခဲ့သောအရာက အံ့သြဖွယ်ဖြစ်သည်။ ကျွန်ုပ်အိမ်အနီးရှိ သစ်ပင်စုပေါက်နေသည့်နေရာသို့ ဖုန်ထနေသည့်လမ်းအတိုင်း လျှောက်သွားရင်း မျက်ကွယ်ရာ၌ရှိနေသည့် အိမ်လုပ်ကစားကွင်းကို မြင်ခဲ့သည်။ မျှော်စင်သို့တက်ရန် တုတ်ချောင်းများဖြင့် ပြုလုပ်ထားသောလှေကားတစ်ခု၊ သစ်ကိုင်းတွင် ချိတ်ဆွဲထားသော ကေဘယ်ကြိုးဟောင်းများနှင့် ပြုလုပ်ထားသည့်ဒန်းများ၊ သစ်ကိုင်းများကြားတွင် ကြိုးတံတားတစ်ခုပင် ရှိနေသည်။ တစ်စုံတစ်ယောက်က သစ်သားနှင့်ကြိုးဟောင်းများကို ဆန်းသစ်စွာ တီထွင်ပြောင်းလဲလိုက်ခြင်းတည်း။

ဆွဇ်ဇာလန်သမားတော် Paul Tournier (ပေါလ်ထော်နီရာ)က ကျွန်ုပ်တို့သည် ဘုရားသခင်၏ပုံသဏ္ဌာန်နှင့်အညီ ဖန်ဆင်းခံရခြင်းကြောင့် စွန့်စားရန် ဖန်ဆင်းခံရသည်ဟု ယုံကြည်သည် (က ၁:၂၆-၂၇)။ ဘုရားသခင်သည် စကြဝဠာတစ်ခုကို တီထွင်ရန် စွန့်စားသကဲ့သို့ (:၁-၂၅)၊ အကောင်းအဆိုးကို ရွေးချယ်နိုင်သော လူသားများကို ဖန်ဆင်းရန် စွန့်စားသကဲ့သို့ (၃:၅-၆)၊ ကျွန်ုပ်တို့အား “များပြားစွာမွေးဖွားမွေးဖွားကြလော့။ မြေကြီးကိုပြည့်စေ၍ နိုင်ကြလော့” (၁:၂၈)ဟု ခေါ်သကဲ့သို့၊ ကမ္ဘာမြေကြီးကို အကျိုးရှိရှိအုပ်စိုးစဉ် တီထွင်ရန်၊ စွန့်စားပြီးအသစ်သောအရာများကို ဖန်တီးရန် ကျွန်ုပ်တို့၌လည်း တွန်းအားတစ်ခုရှိသည်။…

အသိုက်အမြုံနေရာ

ပျံလွှားငှက်မျိုးနွယ်ဝင် Sand martins ငှက်များသည် မြစ်ကမ်းပါးတွင် မြေကြီးကိုတူးပြီး အသိုက်များပြုလုပ်ကြသည်။ အင်္ဂလန်နိုင်ငံ အရှေ့တောင်ဘက်တွင် အိမ်ယာတိုးချဲ့ဆောက်လုပ်ရေး စီမံကိန်းများကြောင့် နှစ်စဉ်ဆောင်းခိုငှက်များ ပြန်လည်ရောက်လာသည့်အခါ အသိုက်ပြုလုပ်ရန်နေရာ နည်းပါးသွားသည်။ ဒေသခံ သဘာဝတိရိစ္ဆာန် ထိန်းသိမ်းရေးအဖွဲ့ဝင်များက အလျင်အမြန်ပင် ထိုငှက်များ အိမ်ဆောက်နိုင်ရန် ကြီးမားသောသဲကမ်းပါးအတုများ တည်ဆောက်ပေးကြသည်။ သဲရုပ်တုတည်ဆောက်သည့် ကုမ္ပဏီတစ်ခု၏အကူအညီဖြင့် လာမည့်နှစ်များတွင် ထိုငှက်များအသိုက်လုပ်နေထိုင်နိုင်ရန် ‌နေရာကို တည်ဆောက်ကြသည်။

လှပသောထိုကြင်နာမှုလုပ်ရပ်သည် တပည့်တော်များအား နှစ်သိမ့်ပေးသည့် သခင်ယေရှု၏စကားများကို ထင်ထင်ရှားရှား သရုပ်ဖော်နေသည်။ ကိုယ်တော်က သူသည် တပည့်တော်များအား ထားခဲ့ပြီး၊ သူသွားမည့်အရပ်သို့ တပည့်တော်များ ယခုချက်ခြင်း သူနှင့်အတူ လိုက်၍မရကြောင်း (ယော ၁၃:၃၆) ပြောပြီးနောက် တပည့်တော်များ နေစရာအခန်းများကို ကောင်းကင်အိမ်တော်တွင် သွားရောက်ပြင်ဆင်ပေးမည်ဖြစ်ကြောင်း ကိုယ်တော်က သူတို့စိတ်ချအောင် မိန့်ကြားခဲ့သည် (၁၄:၂)။ သခင်ယေရှုက သူတို့ကို မကြာမီ ထားခဲ့တော့မည်ဟုပြောသောအခါ ရုတ်တရက်…

အမြင်သစ်

ပါဝါမျက်မှန်အသစ်ကိုတပ်ဆင်လျက် ဘုရားကျောင်းအတွင်းဝင်ပြီး ထိုင်လိုက်စဥ် မျက်နှာချင်းဆိုင်ခုံတန်းတွင် ထိုင်နေသော သူငယ်ချင်းတစ်ယောက်ကို တွေ့လိုက်သည်။ သူ့အား လက်ပြနှုတ်ဆက်စဉ် သူသည် ကျွန်မနှင့် အလွန်နီးကပ်စွာရှိပြီး သူ့အားရှင်းလင်းပြတ်သားစွာ မြင်ရသည်။ သူထိုင်သည့်နေရာသည် ကိုက်အနည်းငယ်ကွာဝေးသော်လည်း လက်လှမ်းမီလောက်သည့်နေရာတွင် ရှိနေသည်ဟု ကျွန်မခံစားမိသည်။ ဝတ်ပြုခြင်းအစီအစဉ်ပြီးဆုံးပြီးနောက် သူထိုင်နေကျထိုင်ခုံတွင်သာ ထိုင်ခဲ့ သည်ကို ကျွန်မသတိထားမိလိုက်သည်။ သူ့ကိုကောင်းမွန်ပြတ်သားစွာ မြင်ရခြင်းမှာ သည် ကျွန်မ၏မျက်မှန်သစ်တွင် ပါဝါကို တိုးမြှင့်ထားခြင်းကြောင့် ဖြစ်ပါသည်။

ဗာဗုလုန်မြို့သို့ ဖမ်းဆီးခေါ်ဆောင်ခြင်း ခံနေရသော ဣသရေလလူမျိုးတို့သည် အမြင်သစ်ဖြင့်မြင်ရန် အမြင်သစ်လိုအပ်ကြောင်း ဘုရားသခင်သိရှိနေပြီး ပရောဖက်ဟေရှာယမှတစ်ဆင့် “အမှုသစ်ကိုငါပြုမည်။ ... တော၌လမ်းကို ... ငါဖန်ဆင်းမည်” (ဟေရှာ ၄၃:၁၉)ဟု ကိုယ်တော် သူတို့အား မိန့်ကြားခဲ့သည်။ ထိုမျှော်လင့်ခြင်းသတင်းစကားတွင် ဘုရားရှင် ကိုယ်တော်တိုင် သူတို့အား “ဖန်ဆင်းပြီး”၊ “ရွေးနှုတ်ကယ်တင်ကာ” သူတို့နှင့်အတူရှိကြောင်း သတိပေးအမှတ်ရစေခဲ့သည်။ “သင့်ကို ငါ(ပိုင်)ဆိုင်၏” (:၁)ဟု…

ဒုက္ခဆင်းရဲခြင်း၏ ထူးဆန်းကြယ်မှု

ဇန်နဝါရီလခေါင်းစဥ် | ဒုက္ခဆင်းရဲခံစားရခြင်းနှင့် မျှော်လင့်ခြင်း

ဆင်းရဲဒုက္ခကြီးငယ်များသည် ဘဝလောကဓံ၏ အမှတ်အသားဖြစ်သည်။ အချို့သောလောကဓံမှာ သဘာဝဘေးအန္တရာယ်ကြောင့် လူမှုအသိုင်းအဝိုင်း တစ်ခုလုံး ဆုံးရှုံးမှု၊ ဝမ်းနည်းပူဆွေးမှုကို ခံစားရသည်။ အချို့မှာ လူသားတို့၏ဆိုးညစ်မှု ရလဒ်အဖြစ် ကမ္ဘာမြေ၌ ဆင်းရဲခြင်းသက်ရောက်သည်။ အချို့သက်ရောက်မှုများက လျို့ဝှက်စွာရှိနေပြီး…

ကယ်တင်ခြင်းလုပ်ငန်းတာဝန်

သြစတြေးလျနိုင်ငံရှိ တိရိစ္ဆာန်ကယ်ဆယ်ရေးအဖွဲ့မှ စေတနာ့ဝန်ထမ်းများက (၇၅) ပေါင်ကျော်ခန့် အလေးချိန်ရှိသည့် ညစ်ပတ်ပေရေပြီး ကျပ်ခဲပြင်အမွှေးများနှင့် လှည့်လည်သွားနေသည့် သိုးတစ်ကောင်ကို တွေ့ရှိခဲ့သည်။ ထိုသိုးသည် ချုံပုတ်ကြားတွင် ပျောက်ဆုံးကျန်ရစ်ခဲ့သည်မှာ အနည်းဆုံး (၅) နှစ်ခန့်ရှိမည်ဟု ကယ်ဆယ်သူများက သံသယဝင်နေကြသည်။ သက်သောင့်သက်သာမဖြစ်သည့် အမွှေးထူများ ညှပ်ရိတ်ချိန်တွင် ကယ်ဆယ်သူများက သိုးကို ချော့မော့ပေးခဲ့ရသည်။ အမွှေးများ ဖယ်ရှားပြီးပြီးချင်းပင် ထိုသိုးသည် အစာစားတော့သည်။ ၎င်း၏ခြေများလည်း ခိုင်လာသည်။ ဘေးမဲ့တောတွင် ၎င်းအား ကယ်ခဲ့သူများနှင့်သာမက အခြားတိရိစ္ဆာန်များနှင့်အတူနေရင်း တဖြည်းဖြည်း စိတ်ချလက်ချ စိတ်ချမ်းသာစွာ နေခဲ့သည်။

လေးပင်သောဝန်ထုပ်ဝန်ပိုး၏ ဖိစီးမှုဒဏ်ကြောင့် နာကျင်ခံစားရမှု၊ မေ့လျော့ပစ်ပယ်ခံရမှု၊ အလျင်အမြန် ကယ်တင်ခံရရန် လိုအပ်နေမှုကို ဆာလံဆရာဒါဝိဒ် ကောင်းစွာနားလည်သည်။ ဆာလံကျမ်း ၃၈ တွင် ဒါဝိဒ်သည် ဘုရားသခင်ကို ဟစ်ခေါ်တောင်းဆိုခဲ့သည်။ သူသည် တစ်ဦးတည်းသီးခြားဖြစ်နေခြင်း၊ သစ္စာဖောက်ခံရခြင်းနှင့် ကူညီရာမဲ့ ဖြစ်နေသည် (:၁၁-၁၄)။…